Sunday 23 December 2012

Luke 2:20

ဤခရစ္စမတ်ကာလနှင့် လာမည့်နှစ်သစ်၏ နေ့ရက်တိုင်းတွင် ကျွန်ုပ်တို့လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို လက်တွေ့လောကထဲ ဆောင်ယူနိုင်ကြပါစေသား။
— David McCasland

ခရစ္စမတ်အချိန်၌ ရရှိခံစားရသည့် ကျေးဇူးတော်သည်
ခရစ္စမတ်အချိန် မျှသာမဟုတ်ဘဲ တစ်နှစ်ပတ်လုံးအတွက် ဖြစ်စေပါ။ — Sper

ခရစ္စမတ်၏ ၀မ်းမြောက်ခြင်းကို နေ့စဉ် သင်နှင့်အတူ ဆောင်ယူပါ။

Thursday 20 December 2012

Colossian 3:12


အဖဘုရားသခင်၊ အခြားသူတို့အတွက် သာယာမင်္ဂလာဖြစ်စေမည့် စကားများ ဖြင့် ကျွန်မတို့နှလုံးသားကို ယနေ့ ဖြည့်ပေးမူပါ။ — Anne Cetas

နာကျင်မှုနှင့် ရန်ပြဿနာ ဖြစ်စေသည့် အမျက်ဒေါသစကား ဆိုမည့်အစား
ဘ၀ကို သက်သာ အားပြည့်စေသော
မေတ္တာလွှမ်းသော အကြင်နာစကားများ သုံးဆောင်ပါ။ — Sper

ကြင်နာခြင်း နှလုံးသားဥယျာဉ်၌ ကြင်နာမှုဖြင့် စာနာအတွေးများ အမြစ်တွယ်ပြီး
အကြင်နာစကားပန်းပွင့်များ၊ ကြင်နာသော အပြုအမူအသီးအပွင့်များ ဝေဆာပွင့်လန်း၏။

Wednesday 19 December 2012

Collosians 1:22


ဘုရားသခင်အတွက် လက်ဆောင်အဖြစ် မိမိကိုယ်ကို တွေးကြည့်မိလျှင် ကောင်းသောအကျင့် အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဥာဏ်တိုးပွားခြင်း …. သခင်ဘုရားနှင့်ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူ စေခြင်း(း၁၁) စသည်တို့နှင့် ပြည့်စုံသော အဖိုးတန်လက်ဆောင်အဖြစ် မိမိကိုယ်ကို ဖြစ်လိုက် ချင်ပါသည်။ – Julie Ackerman Link

“သခင့်ထံမှ ကောင်းချီးအပေါင်း စီးဆင်းလာ၊
အဖိုးမဖြတ်နိုင်သော ဆုကျေးဇူးများ၊
သခင်ပေးသနား၍ စစ်မှန်တည်ကြည်သူ
သခင့်ကို ကျေးဇူးသိတတ်စေပါ”  - Roworth

ဘုရားသခင်၏ အမြင့်မြတ်ဆုံးလက်ဆောင်သည်
ကျွန်ုပ်တို့၏အနက်ရှိုင်းဆုံးသောကျေးဇူးသိစိတ်ကို နှိုးဆွပေးတန်၏။

Tuesday 18 December 2012

Mark 10:51


 
လှပဖွဲ့နွဲ့သော စကားမျိုးကိုမှ ဘုရားသခင်နှစ်သက် အထင်ကြီးသည်မဟုတ်ပါ။ ကျွန်ုပ်တို့နှလုံးသားက ပြောနေခြင်းကိုသာ နားထောင်နေသည်။ — Cindy Hess Kasper

ကဗျာဆန်သောစကားဖြင့် ဆုတောင်းခြင်းမျိုး ဘုရားသခင် မတောင်းဆိုပါ၊
နှလုံးသားမှ တိကျသော လျှောက်ထားချက်ကိုသာ သခင်ကြားလိုတာ။ - Sper

ဆုတောင်းခြင်း၌ အဓိကကျသောအရာမှာ
စိတ်နှလုံးမှ ဆုတောင်းရန်ပါ။

Sunday 2 December 2012

Rev Yan Naing Win his Sermon on 2nd Dec 2012, Pudu MPKCF Church Pudu





Ebenezer Bible School(MBTS) in session, Which situated in Pudu,



 feel free for contact to 010 2966997 kellikeenan@gmail.com

Kelli (Kyi Kyi Khing) and her translator in MBTS Bible School


Pray for saved Journey to USA

Rev.Ps Mahn See Son Pray for Mahn Ngwe Family those are going to be resettle to USA soon

Monday 26 November 2012

Seven Dispensation Illustrate

ခေတ်ကာလ(၇)ပိုင်း
ဘုရားသခင်သည်ခြောက်ရက်တာအတွင်းဖန်ဆင်းပြီးသတ္တမနေ့ တွင်ငြိမ်ဝပ်စွာနေတော်မူသည်။လူကိုဖန်ဆင်း
ခြင်းမပြုမှီကတည်းကအနန္တစင်္ကြ၀ဠာကြီးကိုဖန်ဆင်းတော်မူသည်။

Monday 19 November 2012

သေလွန်သော်လည်း ရှင်လိမ့်မည်
သေလွန်သော်လည်းရှင်လိမ့်မည် "လူဆိုတာသေမျိုး"ဆိုတဲ့မမြဲတဲ့တရားဟာလူ့ဘ၀အမှန်တ၇ားဖြစ်ပါတယ်။ ရခဲလှတဲ့လူ့ဘ၀ဟာမမျှော်လင့်ဘဲ တစ်နေ့မှာသေခြင်းကိုအမှန်ရင်ဆိုင်၇မှာဖြစ်တယ်။ဒါပေမဲ့သချိုင်းဟာဘ၀လမ်းဆုံးမဟုတ်ပါဘူး။သေခြင်းရဲ့ တစ်ဘက်ကမ်းမှာတော့တမလွန်ဘ၀ဆိုတာရှိနေပါတယ်။ထိုတမလွန်ဘ၀ဟာဒုက္ခသံသရာစက်ကွင်းမဖြစ်ဖို့ သခင်ယေ၇ှုခရစ်တော်မှာအဖြေရှိတယ်။ထိုဝမ်းမြောက်ဖွယ်ရာဘ၀အဖြေမှန်ကိုအသက်ရှင်တဲ့ဘုရားသခင်ရဲ့ နှုတ်ထွက်စကားတော်ကျမ်းစာတော်မြတ်မှာရေးထားပါတယ်။ ချစ်မိတ်ဆွေ၊ ဖန်ဆင်းရှင်ဘုရားသခင်ကမြေမှုန်နဲ့ဇီဝကအသက်ကိုပေါင်းပြီးလူသားကိုဖန်ဆင်းခဲ့တယ်အဲဒီအ ချိန်ဟာဖန်ဆင်းရှင်နဲ့အမြဲမိတ်သဟာရဖွဲ့တဲ့အသက်တာဖြစ်ခဲ့တယ်ဒါပေမဲ့"မစားနှင့်"ဆိုတဲ့ဝိညာဉ်တရားကိုချိုး ဖောက်တဲ့အတွက်"စားလျှင်အမှန်သေရမည်"ဆိုတဲ့အပြစ်ကျိုးဆက်ရဲ့သံသရာအစပြုခဲ့ပါတယ်။အဲဒီအချိန်က စပြီးအပြစ်တရားကလူဘ၀ကိုလွမ်းမိုးလာတယ်။ဒါကြောင့်ဆာလံကျမ်းရေးတဲ့ဆရာကကျွန်တော်မျိုးသည်မွေးဖွား ချိန်မှစ၍ဆိုးညစ်ခဲ့ပါ၏မွေးဖွားကတည်းကအပြစ်ရှိပါ၏(ဆာလံ ၅၁:၁၄)လိုဆိုခဲ့ပါ၏။

Friday 29 June 2012

Power of Your Love

You Are My All In All

Amazing Grace

Obey to Lord, နာမည်ကျော် ဓါတ်ပုံတပုံပါ။


ဘုရားဖြစ်ကြောင်းသက်သေ နှင့် ဘုရားထံနာခံခြင်း

နာမည်ကျော် ဓါတ်ပုံတပုံပါ။
အင်အားကြီးမားတဲ့ ခွေးဘလူးကြီးများကြားမှာ သတ္တိရှိစွာ အမြှီးထောင်၊အသေခံ လမ်းလျှောက်ရဲတဲ့ ကြောင်တကောင်ရဲ့ ယုံကြည်မှုကိုဖေါ်ပြတဲ့ပုံပါ။ ကြောင်ရဲ့ယုံကြည်မှုအားကြီးခြင်းကို မြင်နိုင်ပါတယ်။

အခြားအဓိပ္ပါယ်တမျိုးကတော့ ခွေးဘီလူးကြီးများရဲ့ အံ့သြဘွယ် နာခံမတတ်မှုကြောင့်ပါ။ သူတို့ရဲ့ သခင့်စကားကို နားထောင်တယ်။ သူတို့အလုပ်က မယောင်ရာဆီလူး .. ကိုယ်လုပ်ချင်တာ လျှောက်လုပ်ဖို့မဟုတ်ဘူး။ ခွေးဆိုမှတော့ ကြောင်ကို လိုက်ကိုက်ချင်တာ သဘာဝဗီဇပေမဲ့ သခင်က မလုပ်နဲ့ပြောထားခြင်းကို နာခံနေကြပါတယ်။ ကျွန်တော်တို့ဟာ သိုးသငယ်လို နာခံတတ်ရန် ဘုရားရှင်ပြောခဲ့ပေမဲ့ လူ့ဗီဇအတိုင်း ခွေးဘီလူးလိုပဲ အင်အားကြီးလိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် နာခံတတ်တဲ့ခွေးဖြစ်လို့ သခင်ကမြှောက်စားပြီး လေလွင့်ခွေး၊ သာမန်ခွေးဘ၀မရောက်ပဲ အင်အားကြီးတဲ့ခွေးဘီလူး Polic Dogs  ဘ၀ရရှိပါတယ်။  နာခံတတ်တဲ့ ခွေးများအတွက် ကောင်းကောင်းနေထိုင်စားသောက်ရခြင်း အကျိုးကျေးဇူးကို ရပါတယ်။

Rev.Dr.Paul Khay Kyaing(Th.D)_sermon_22.4.2012 at MCA Bangkok

ကင်ဗက်ခရူးဆိတ်၊ခရစ်တော်သံအမတ်များ - ပေါလ်ခေကျိုင်း (Rev, Th.D)

ပေါလ်ခေကျိုင်း (Rev, Dr Paul Khay Kyaing)

သက်သေခံချက်
ငယ်စဉ် အမွှာမွေးရာ၊ အမဖြစ်သူ အသက်ရှင်ပြီး၊ နောက်မှမွေးသည့် သူအသက်မရှိတော့။ ထုပ်ပိုး၊သဂြိုလ်ရန်အချိန်တွင် ဓမ္မဆရာတဦးရောက်လာပြီး၊ ရေနွေး၊ရေပတ်တိုက်၊ လေမှုတ်၊ ဆုတောင်းပေးခြင်းဖြင့် အသက်ပြန်ရှင်လာခဲ့သော ကျွန်တော်ဖြစ်သည်။ ချင်းတောင်တွင် ကြီးပြင်းခဲ့ပြီး ရန်ကုန်သို့ ရောက်လာခဲ့သည်။

ငယ်စဉ်က ပြည်ပအစိုးရ (ဦးနု) ၁၉၆၉ ဖြင့် ဘန်ကောက်မြို့တွင် လုံခြုံရေးတာဝန်ခံလုပ်ခဲ့သည်။ ထိုစဉ်တွင်ပင် ပြောင်းလဲခဲ့ပါသည်။ ခရစ်တော် ရရှိတိုင်း ပြောင်းလဲမှု၊ ချက်ခြင်း မဖြစ်ပါ။ တော်လှန်ရေး ၈နှစ်လုပ်ပြီး၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာပြည်ပြန်ရောက်လာခဲ့သည်။ ၃နှစ် မြန်မာပြည်ကွန်မြူနစ်၊ ရှမ်းပြည်တွင် ထောက်လှမ်းရေးတာဝန် ထမ်းဆောင်ရသည်။ သို့သော် ထိုနေရာ လားဟူဒေသတွင် ၃နှစ် နေခဲ့ပြီး၊ တောင်တန်းများကြားတွင် ကျမ်းစာတအုပ်ဖြင့် ခရစ်တော်အမှုတော်ဆောင်ခွင့်ရခဲ့ပါသည်။ လားဟူစာနှင့်စကား တတ်မြောက်ခဲ့သည်။ မိမိလူငယ်တဦးက မယုံကြည်သူ မိခင်ကြီး သေဆုံးသွားပြီး၂ရက်အကြာ၊ လူငယ်၏ မရမကတောင်းဆိုမှုကြောင့်၊ မတတ်သာပဲ ဆုတောင်းပေးခဲ့ရသည်။ အံ့သြဘွယ် အေးစက်နေသူ မိခင်အသက်ပြန်ရှင်ထထိုင်ခဲ့ရာမှ (ချောင်းကြည့်သူများထွက်ပြေး၊ ခင်ပွန်းသည်လည်းပြေး) မိခင်ဖြစ်သူက လမ်း၂သွယ်ကို တွေ့ခဲ့ကြောင်း၊ မယုံကြည်သူများအား ပြန်ပြောပြရန်အတွက် အသက်ပြန်ရှင်ကြောင်း ပြောပြပါသည်။ ရိုးရာနတ်စား၊ လားဟူရွားသားများ ခရစ်တော်ကို ယုံကြည်လာခဲ့သည်။


Thursday 28 June 2012

အလွနှ်ရှည်သောစိတ်၊ နှုတ်ကပတ်တော်နားထောင်၊ ပြောကြားရန် - ဆရာဦးအုန်းမြင့်

ဆရာဦးအုန်းမြင့်
ဘန်ကောက် MCA Church  June 2012 ဒေသနာ (အကျဉ်းချုပ်)

၂တိ၎း၁-၅ အလွနှ်ရှည်သောစိတ်၊ နှုတ်ကပတ်တော်နားထောင်၊ ပြောကြားရန်ကျမ်းပိုဒ် ကို ဖတ်ပြီး ယခုဟောပြောချက်များ ဘုရားဘုန်းတော်ထင်ရှားစေမည့်အရာများဖြစ်စေရန် ဆုတောင်းခြင်း ဖြင့် စတင်ပါသည်။

သက်သေခံခြင်း၊ ကိုးရီးယားနိုင်ငံ သာသနာ Navigator ခရီးစဉ်တွင် စကားစမြည်ပြောရင်း၊ ဆေးစစ် Medical Check မေးသောအခါ၊ ငွေကုန်၍ မတတ်နိုင်သောကြောင့် မလုပ်ဖြစ်ဟုဖြေသောအခါ၊ လုပ်ပါ ဆိုသောကြောင့် စစ်ဆေးခဲ့သည်။ အားလုံးအဆင်ပြေသော်လည်း မိမိက တဘက်တည်းသောလက်မှ အကြိတ်ကြီးကို ပြသောအခါ၊ ၃ရက်တိုင် ဆရာဝန်များ မျက်နှာမကောင်းစွာဖြစ် စစ်ဆေးကြကြောင်း၊ Ultra Sound နှင့် City San  အပြီး၊ တရက်အချိန်စောင့်က လူတစ်ကိုယ်လုံးဝင်ရသော MRI စက်ကြီးဖြင့် စစ်ဆေးပြီး၊ အခြေအနေမကောင်းကြောင်း၊ လက်မှ အဆီကြိတ်သည် ကင်ဆာဖြစ်ပါက လက်ဖြတ်ရမည်၊ ဆက်နွယ်နေသော နံရိုးလည်းဖြတ်၊ သံမဏိချောင်းအစားထိုးရမည် .. အသက်မထိခိုက်ရန်ဖြစ်ကြောင်း၊ ခွဲမလား၊ မခွဲဖူးလား ဆုံးဖြက်ရန်ဖြစ်လာသောအခါ .. တစ်ညစဉ်းစားပြီး၊ ခွဲရန်ဆုံးဖြတ်ခဲ့သည်။ ခွဲစိတ်အပြီး မိမိ၏ တချောင်းတည်းရှိသောလက်မှာ မပြတ်သေးသည်ကို သိရသောကြောင့် ကျေးဇူးတော်ချီးမွမ်းပါသည်။ ခွဲစိတ်ထုတ်ပြီးနောက် ကင်ဆာမရှိဟု သိရပြီး၊ မြန်မာငွေ သိန်း၂၀ခန့် ကုန်ကျသည့် ဆေးစစ်မှု ပြီးဆုံး၊ မြန်မာပြည်ပြန်လာခဲ့ရပါသည်။
စာအုပ်တအုပ်တွင် လူအသက် ၇၀ ပျမ်းမျှရေးထားသည်။ အသက်၂၀အရွယ်သည် ရက်သတ္တပါတ် ၂၅၀၀ အသက်ရှင်ရနှ်ရှိသေးသော်လည်း ၅၃နှစ်အရွယ် မိမိအဘို့ ရက်သတ္တပါတ် ၁၀၀၀ ပင်မကျန်တော့ပါ။ အချိန်ကုန်သည်မှာ အလွန်မြန်ကြောင်း၊ ကျန်ချိန်များတွင် ဘာလုပ်မည်နည်း။


ခရစ်တော်ကို မရသေးသူများအား ခရစ်တော်အကြောင်း ပြောပြခြင်းအလုပ်ကို လုပ်ရန်ဖြစ်သည်။ 

Rev. David Lah Sermon at Father Day

Rev. David Lah interview with MCA Bangkok

Saturday 19 May 2012

Mother's Day Program by MPKCF

Malaysia Pwo Kayin Christian Fellowship ( New Logo )

အဖူးဆရာ မန်းအောင်စိန်မှ အထူးဆုတောင်းပေးခြင်း
ဆရာ Simon မှ တရားဒေသနာ ဝေငှခြင်း
Sunday School ကလေးငယ်များ တေးသရုပ်ဖော်

Friday 18 May 2012

Wednesday 2 May 2012

“အံ့သြဘွယ်အကောင်းဆုံးသော သမ္မာကျမ်းစာ”

 

ရွှေကျမ်းချက်။              ။ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည်၊အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း


သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံခြင်းဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်းအရိုးအဆစ်
နှင့်ခြင်းဆီကိုလည်းကောင်း၊ပိုင်းခြား၍ထုတ်ချင်းခွင်းတတ်၏။စိတ်နှလုံးအကြံအစည်များကိုလည်းသိမြင်တတ်၏
(ဟေဗြဲ၊ ၄း၁-၂)

က။ သမ္မာကျမ်းစာကို မည်ကဲ့သို့ရရှိပါသနည်း။
   (၁) ဘုရားသခင်၏အသံတော်ကိုကြားရခြင်းအားဖြင့်ရေးသားထားသည်။(ထွက်၊၁၉း၁၉၊တရား၊၅၊မ၊ ၃း၁၆-၁၇၊
     ယော၊ ၁၂း၂၈)
  (၂)  ကောင်းကင်တမန်များဖော်ပြပေးခြင်းအားဖြင့်၊ (တ၊၇း၃၈။ဟေ၊၂း၂)
  (၃) ဘုရားသခင်က ပရောဖက်များအား ဖော်ပြစေခြင်းအားဖြင့်။(တ၊၃း၂၀၊ ဟေ၊ ၁း၃)
  (၄) သခင်ယေရှုခရစ်တော်အားဖြင့်၊ (ယော၊၁း၁-၅၊ ဟေ၊  ၁း၂၊ဗျာ၊ ၁)
  (၅) တမန်တော်များ၏ဟောပြောရေးသားထားခြင်းအားဖြင့်(တ၊၁း၂၊ဧဖက်၊ ၄၊၂ပေ၊၁း၁၆-၂၁၊၁ယော၊၁း၁-၄)
  (၆) စက္ခုအာရုံ(Vision)အားဖြင့်၊ (ဟေရှာ၊၆၊ဒံယေလ၊၇၊ ၈၊ ဟေဇ၊၁)
   (၇) ဗျာဒိတ်ရူပါရုံအားဖြင့်(Revelation) (၁ကော၊၁၄း၆၊ ၂၆၊ ၂ကော၊၁၂း၁၇၊ ဂလာ၊၁း၁၂၊ဗျာ၁း၁ )
   (၈) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်။ (၂တိ၊၃း၁၅-၁၇၊ ၂ဆပ၊ ၁း၂၀)
ခ။ သမ္မာကျမ်းစာသည် လုံးဝမှန်ကန်သောဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်။
   (၁) ကျမ်းစာအုပ်(၆၆)အုပ်မှာမတူညီသောလူတန်းစားအသီးသီးမှစာရေးသူ(၄၀)တို့က မတူညီသောနေရာဒေသ
    များတွင်နှစ်ပေါင်း(၁၈၀၀)အတွင်း ရေးသားကြသော်လည်းအားလုံးသောအကြောင်းအရာတို့သည်ဘုရားသခင်၏
    အလိုတော်နှင့်အညီ ထပ်တူထပ်မျှဖြစ်ကြသည်။
   (၂) သိပ္ပံကို အဓိကထားသောစာအုပ်မဟုတ်သော်လည်း၊သိပ္ပံပညာ၏မူလအစဖြစ်ပြီး သိပ္ပံပညာနှင့်ကိုက်ညီမူရှိလျက်၊
    သိပ္ပံပညာရှင်များမှီခိုအားထားရသောစာအုပ်ဖြစ်လေသည်။
(၃) ရာဇ၀င်သမိုင်းကိုအဓိကထား၍ ရေးသားခြင်းမဟုတ်သော်လည်း၊ကမ္ဘာ၏အစမှအဆုံးနှင့်၊လူ၏အစမှအဆုံးတို့မှာ
    မည်ကဲ့သို့စတင်ကြောင်း၊မည်ကဲ့သို့ဖြစ်ပျက်ခဲ့ကြောင်း၊မည်သို့အဆုံးသတ်မည်ဖြစ်ကြောင်းများကို၊
        အပြည့်အစုံပါရှိလေသည်။
(၄) ကမ္ဘာလောက တစ်ခုလုံးကိုလည်းပြုပြင်ပြောင်းလဲစေနိုင်သော တန်ခိုးအစွမ်းသတ္တိနှင့်ပြည့်စုံလေသည်။
   (၅)ဖြစ်ပျက်မည့်အကြောင်းအရာများကို သမ္မာကျမ်းစာတွင် ပရောဖက်ပြုထားသည့်အနက်ကျမ်းပိုဒ်ပေါင်း
(၃၂၆၈)ပိုဒ်သည်လုံးဝပြည့်စုံခဲ့လေသည်။(၃၁၄၀)ကျမ်းပိုဒ်များသည်လည်း လာမည့်အချိန်တွင်ပြည့်စုံလာဦးမည်
ဖြစ်သည်။
   (၆) လူသားများအားလုံးအတွက်နိုင်ငံရေး၊စီးပွါးရေး၊ကျန်းမာရေး၊လူမူရေး၊ပညာရေး အလုံးစုံတို့ကို လမ်းညွှန်ချက်ပေး
သောစာအုပ်ဖြစ်သည်။
 (၇) လူသားများအား၊အပြစ်ငရဲမှကောင်းကင်နိုင်ငံတော်သို့ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်သော သမ္မာကျမ်းစာဖြစ်လေသည်        ။
(၈) သမ္မာကျမ်းစာသည်လူဆိုးလူမိုက်တို့၏စိတ်နှလုံးကိုပြုပြင်ပြောင်းလဲစေနိုင်သည်သာမက ဘ၀ခရီးလမ်းတစ်
လျှောက်ကိုလည်းအလင်းကဲ့သို့လမ်းပြပေးနိုင်စွမ်းရှိသည်။(ဆာ၊၁၁၉း၉၇-၁၀၅၊  ၁၂၉-၁၃၆၊ ဟေ၊ ၄း၁၂)