Monday 19 November 2012

သေလွန်သော်လည်း ရှင်လိမ့်မည်
သေလွန်သော်လည်းရှင်လိမ့်မည် "လူဆိုတာသေမျိုး"ဆိုတဲ့မမြဲတဲ့တရားဟာလူ့ဘ၀အမှန်တ၇ားဖြစ်ပါတယ်။ ရခဲလှတဲ့လူ့ဘ၀ဟာမမျှော်လင့်ဘဲ တစ်နေ့မှာသေခြင်းကိုအမှန်ရင်ဆိုင်၇မှာဖြစ်တယ်။ဒါပေမဲ့သချိုင်းဟာဘ၀လမ်းဆုံးမဟုတ်ပါဘူး။သေခြင်းရဲ့ တစ်ဘက်ကမ်းမှာတော့တမလွန်ဘ၀ဆိုတာရှိနေပါတယ်။ထိုတမလွန်ဘ၀ဟာဒုက္ခသံသရာစက်ကွင်းမဖြစ်ဖို့ သခင်ယေ၇ှုခရစ်တော်မှာအဖြေရှိတယ်။ထိုဝမ်းမြောက်ဖွယ်ရာဘ၀အဖြေမှန်ကိုအသက်ရှင်တဲ့ဘုရားသခင်ရဲ့ နှုတ်ထွက်စကားတော်ကျမ်းစာတော်မြတ်မှာရေးထားပါတယ်။ ချစ်မိတ်ဆွေ၊ ဖန်ဆင်းရှင်ဘုရားသခင်ကမြေမှုန်နဲ့ဇီဝကအသက်ကိုပေါင်းပြီးလူသားကိုဖန်ဆင်းခဲ့တယ်အဲဒီအ ချိန်ဟာဖန်ဆင်းရှင်နဲ့အမြဲမိတ်သဟာရဖွဲ့တဲ့အသက်တာဖြစ်ခဲ့တယ်ဒါပေမဲ့"မစားနှင့်"ဆိုတဲ့ဝိညာဉ်တရားကိုချိုး ဖောက်တဲ့အတွက်"စားလျှင်အမှန်သေရမည်"ဆိုတဲ့အပြစ်ကျိုးဆက်ရဲ့သံသရာအစပြုခဲ့ပါတယ်။အဲဒီအချိန်က စပြီးအပြစ်တရားကလူဘ၀ကိုလွမ်းမိုးလာတယ်။ဒါကြောင့်ဆာလံကျမ်းရေးတဲ့ဆရာကကျွန်တော်မျိုးသည်မွေးဖွား ချိန်မှစ၍ဆိုးညစ်ခဲ့ပါ၏မွေးဖွားကတည်းကအပြစ်ရှိပါ၏(ဆာလံ ၅၁:၁၄)လိုဆိုခဲ့ပါ၏။



လူသားအပေါင်းတိုဟာလမ်းလွဲကြပြီးကောင်းတဲ့အကျင့်မရှိတော့ပါ(ရောမ ၃:၁၂) အပြစ်သားများ၏ရင်ဆိုင်၇မည့်အကျိုးဆက်ဟာ"သေခြင်းပါဘဲ" (ရောမ ၆:၂၃ က) ၀ိညာဉ်သေခြင်းဆိုတဲ့ဘုရားသခင်နဲ့မိသဟာရမဖွဲ့နိုင်ခြင်းနဲ့၊ခန္ဓာကိုယ်ဆိုတဲ့သေခြင်း၊ မမြဲတဲ့တရားဟာအပြစ်ရဲ့အကျိုးဆက်ဖြစ်ပါတယ်။အဲဒီအကျိုးဆက်ဟာတမလွန်ဘ၀သာမကယခုပစ္စုပ္ပန်ဘ၀မှာ လည်း၇င်ဆိုင်နေရပါတယ်။ငြိမ်သက်ခြင်းမဲ့ပြီးမျှော်လင့်ခြင်းကင်းဝေးတဲ့ဘ၀၊ လောဘ၊ ဒေါသ၊ မောဟနဲ့အမြဲရှင်သန်နေ ရတဲ့ဘ၀ဟာအပြစ်စီ၇င်ခြင်းခံနေရတဲ့လက္ခဏာပါ။ ပုထုဇဉ်လူသားများရဲ့အဆုံးမရှိတဲ့အပြစ်ကြွေးသံသရာလမ်းကနေလွတ်မြောက်ရာလမ်းဟာယေရှခရစ်တော်ဖြစ်ကြောင်း ဆက်လက်ဖော်ပြပါမယ်။ယေရှခရစ်တော်ဟာလောကရဲံ့အဖြေဖြစ်တယ်။ဘုရားသခင်စင်စစ်ဖြစ်ပေမဲ့၊ လူသားများကို ကယ်တင်ဖို့လူလောကထဲကိုကြွဆင်းပြီးလူဇာတိကိုခံယူခံခဲ့တဲ့ဘုရားသခင်ဖြစ်တယ်။လူသားတွေအပြစ်ကြွေးကိုကိုယ်စားခံခဲ့ပြီး ယုတ်ညံ့တဲ့သစ်တိုင်ပေါ်မှာအသေသတ်ခြင်းခံခဲ့တယ်။"သေခြင်းဆိုး" လို့လူသားတွေသတ်မှတ်ပေမဲ့ရှင်ပြန်ခြင်းတန်ခိုး" နဲ့အနိုင်ယူခဲ့တယ်။ အသက်ရှင်ခြင်းကြောင်းဟောခဲ့တယ် သခင်ယေရှဟာသက်တော်ထင်ရှားခဲ့စဉ်ကသူသာလျှင်လမ်းခရီး၊ သမ္မာတရားနဲ့အသက်ဖြစ်တယ်လို (ယော၊ ၄:၁၆) မှာအတိအလင်းကြေငြာခဲ့တယ်။ ပြန်လည်ရှင်ပြန်ထမြောက်ခြင်းအကြောင်းနဲ့အသက်ရှင်ခြင်းအကြောင်းသူကိုယုံကြည် တဲ့သူဟူသမျှသေလွန်ပေမဲ့ရှင်လိမ့်မယ်လိုမိန့်မှာခဲ့တယ် (ယော၊ ၁၁:၂၈)။် ကိုယ်တိုင် ရှင်ပြန်ထမြောက်ခဲ့တယ် ခရစ်တော်ဟာကျွန်တော်တို့အပြစ်ကြောင့်အသေခံတော်မူပြီးမှကျမ်းစာလာတဲ့အတိုင်းသုံးရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက် ခဲ့တယ်။ (ယော၊ ၁၁:၁၅-၂၆၊ ရောမ၊ ၆:၂၃၊ ၁ယော၊ ၅:၁၃၊ ၁ကော၊ ၅:၃-၄)။ "သင်တို့သည်အဘယ်ကြောင့်အသက်ရှင်သောသူကို သေသူများရှိရာအရပ်မှာရှာကြသနည်း။ ကိုယ်တော်သည်ဤအရပ်တွင်မရှိ ရှင်ပြန်ထမြောက်တော်မူ၏ (မသဲ၊ ၂၈:၇-၈၊ လုကာ၊ ၂၄:၆)။ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး သခင်ယေရှဟာလူသားများကိုယ်စားအသေခံခြင်းကနေသေခြင်းကိုအောင်ပြီးရှင်ပြန်ထမြောက်ခြင်းဟာ၊ လူဘ၀ကိုပြောင်းလဲစေ ခဲ့ပါတယ်။လူ့လောကကိုမှောက်လှန်ခဲ့ပါတယ်။ မျော်လင့်ချင်းကင်းမဲ့ရာကနေငြိမ်သက်စိတ်ချရတဲ့အနာဂတ်ကိုပေးတယ်။ မရဏနိုင်ငံနဲ့သေခြင်းတရားကိုစိန်ခေါ်ရတဲ့သတ္တိ(၁ကော၊ ၁၅:၅၅)ကိုပေးခဲ့တယ်။

No comments:

Post a Comment