Saturday 19 May 2012

Mother's Day Program by MPKCF

Malaysia Pwo Kayin Christian Fellowship ( New Logo )

အဖူးဆရာ မန်းအောင်စိန်မှ အထူးဆုတောင်းပေးခြင်း
ဆရာ Simon မှ တရားဒေသနာ ဝေငှခြင်း
Sunday School ကလေးငယ်များ တေးသရုပ်ဖော်

Friday 18 May 2012

Wednesday 2 May 2012

“အံ့သြဘွယ်အကောင်းဆုံးသော သမ္မာကျမ်းစာ”

 

ရွှေကျမ်းချက်။              ။ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည်၊အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း


သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံခြင်းဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်းအရိုးအဆစ်
နှင့်ခြင်းဆီကိုလည်းကောင်း၊ပိုင်းခြား၍ထုတ်ချင်းခွင်းတတ်၏။စိတ်နှလုံးအကြံအစည်များကိုလည်းသိမြင်တတ်၏
(ဟေဗြဲ၊ ၄း၁-၂)

က။ သမ္မာကျမ်းစာကို မည်ကဲ့သို့ရရှိပါသနည်း။
   (၁) ဘုရားသခင်၏အသံတော်ကိုကြားရခြင်းအားဖြင့်ရေးသားထားသည်။(ထွက်၊၁၉း၁၉၊တရား၊၅၊မ၊ ၃း၁၆-၁၇၊
     ယော၊ ၁၂း၂၈)
  (၂)  ကောင်းကင်တမန်များဖော်ပြပေးခြင်းအားဖြင့်၊ (တ၊၇း၃၈။ဟေ၊၂း၂)
  (၃) ဘုရားသခင်က ပရောဖက်များအား ဖော်ပြစေခြင်းအားဖြင့်။(တ၊၃း၂၀၊ ဟေ၊ ၁း၃)
  (၄) သခင်ယေရှုခရစ်တော်အားဖြင့်၊ (ယော၊၁း၁-၅၊ ဟေ၊  ၁း၂၊ဗျာ၊ ၁)
  (၅) တမန်တော်များ၏ဟောပြောရေးသားထားခြင်းအားဖြင့်(တ၊၁း၂၊ဧဖက်၊ ၄၊၂ပေ၊၁း၁၆-၂၁၊၁ယော၊၁း၁-၄)
  (၆) စက္ခုအာရုံ(Vision)အားဖြင့်၊ (ဟေရှာ၊၆၊ဒံယေလ၊၇၊ ၈၊ ဟေဇ၊၁)
   (၇) ဗျာဒိတ်ရူပါရုံအားဖြင့်(Revelation) (၁ကော၊၁၄း၆၊ ၂၆၊ ၂ကော၊၁၂း၁၇၊ ဂလာ၊၁း၁၂၊ဗျာ၁း၁ )
   (၈) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်။ (၂တိ၊၃း၁၅-၁၇၊ ၂ဆပ၊ ၁း၂၀)
ခ။ သမ္မာကျမ်းစာသည် လုံးဝမှန်ကန်သောဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်။
   (၁) ကျမ်းစာအုပ်(၆၆)အုပ်မှာမတူညီသောလူတန်းစားအသီးသီးမှစာရေးသူ(၄၀)တို့က မတူညီသောနေရာဒေသ
    များတွင်နှစ်ပေါင်း(၁၈၀၀)အတွင်း ရေးသားကြသော်လည်းအားလုံးသောအကြောင်းအရာတို့သည်ဘုရားသခင်၏
    အလိုတော်နှင့်အညီ ထပ်တူထပ်မျှဖြစ်ကြသည်။
   (၂) သိပ္ပံကို အဓိကထားသောစာအုပ်မဟုတ်သော်လည်း၊သိပ္ပံပညာ၏မူလအစဖြစ်ပြီး သိပ္ပံပညာနှင့်ကိုက်ညီမူရှိလျက်၊
    သိပ္ပံပညာရှင်များမှီခိုအားထားရသောစာအုပ်ဖြစ်လေသည်။
(၃) ရာဇ၀င်သမိုင်းကိုအဓိကထား၍ ရေးသားခြင်းမဟုတ်သော်လည်း၊ကမ္ဘာ၏အစမှအဆုံးနှင့်၊လူ၏အစမှအဆုံးတို့မှာ
    မည်ကဲ့သို့စတင်ကြောင်း၊မည်ကဲ့သို့ဖြစ်ပျက်ခဲ့ကြောင်း၊မည်သို့အဆုံးသတ်မည်ဖြစ်ကြောင်းများကို၊
        အပြည့်အစုံပါရှိလေသည်။
(၄) ကမ္ဘာလောက တစ်ခုလုံးကိုလည်းပြုပြင်ပြောင်းလဲစေနိုင်သော တန်ခိုးအစွမ်းသတ္တိနှင့်ပြည့်စုံလေသည်။
   (၅)ဖြစ်ပျက်မည့်အကြောင်းအရာများကို သမ္မာကျမ်းစာတွင် ပရောဖက်ပြုထားသည့်အနက်ကျမ်းပိုဒ်ပေါင်း
(၃၂၆၈)ပိုဒ်သည်လုံးဝပြည့်စုံခဲ့လေသည်။(၃၁၄၀)ကျမ်းပိုဒ်များသည်လည်း လာမည့်အချိန်တွင်ပြည့်စုံလာဦးမည်
ဖြစ်သည်။
   (၆) လူသားများအားလုံးအတွက်နိုင်ငံရေး၊စီးပွါးရေး၊ကျန်းမာရေး၊လူမူရေး၊ပညာရေး အလုံးစုံတို့ကို လမ်းညွှန်ချက်ပေး
သောစာအုပ်ဖြစ်သည်။
 (၇) လူသားများအား၊အပြစ်ငရဲမှကောင်းကင်နိုင်ငံတော်သို့ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်သော သမ္မာကျမ်းစာဖြစ်လေသည်        ။
(၈) သမ္မာကျမ်းစာသည်လူဆိုးလူမိုက်တို့၏စိတ်နှလုံးကိုပြုပြင်ပြောင်းလဲစေနိုင်သည်သာမက ဘ၀ခရီးလမ်းတစ်
လျှောက်ကိုလည်းအလင်းကဲ့သို့လမ်းပြပေးနိုင်စွမ်းရှိသည်။(ဆာ၊၁၁၉း၉၇-၁၀၅၊  ၁၂၉-၁၃၆၊ ဟေ၊ ၄း၁၂)