Thursday 28 June 2012

အလွနှ်ရှည်သောစိတ်၊ နှုတ်ကပတ်တော်နားထောင်၊ ပြောကြားရန် - ဆရာဦးအုန်းမြင့်

ဆရာဦးအုန်းမြင့်
ဘန်ကောက် MCA Church  June 2012 ဒေသနာ (အကျဉ်းချုပ်)

၂တိ၎း၁-၅ အလွနှ်ရှည်သောစိတ်၊ နှုတ်ကပတ်တော်နားထောင်၊ ပြောကြားရန်ကျမ်းပိုဒ် ကို ဖတ်ပြီး ယခုဟောပြောချက်များ ဘုရားဘုန်းတော်ထင်ရှားစေမည့်အရာများဖြစ်စေရန် ဆုတောင်းခြင်း ဖြင့် စတင်ပါသည်။

သက်သေခံခြင်း၊ ကိုးရီးယားနိုင်ငံ သာသနာ Navigator ခရီးစဉ်တွင် စကားစမြည်ပြောရင်း၊ ဆေးစစ် Medical Check မေးသောအခါ၊ ငွေကုန်၍ မတတ်နိုင်သောကြောင့် မလုပ်ဖြစ်ဟုဖြေသောအခါ၊ လုပ်ပါ ဆိုသောကြောင့် စစ်ဆေးခဲ့သည်။ အားလုံးအဆင်ပြေသော်လည်း မိမိက တဘက်တည်းသောလက်မှ အကြိတ်ကြီးကို ပြသောအခါ၊ ၃ရက်တိုင် ဆရာဝန်များ မျက်နှာမကောင်းစွာဖြစ် စစ်ဆေးကြကြောင်း၊ Ultra Sound နှင့် City San  အပြီး၊ တရက်အချိန်စောင့်က လူတစ်ကိုယ်လုံးဝင်ရသော MRI စက်ကြီးဖြင့် စစ်ဆေးပြီး၊ အခြေအနေမကောင်းကြောင်း၊ လက်မှ အဆီကြိတ်သည် ကင်ဆာဖြစ်ပါက လက်ဖြတ်ရမည်၊ ဆက်နွယ်နေသော နံရိုးလည်းဖြတ်၊ သံမဏိချောင်းအစားထိုးရမည် .. အသက်မထိခိုက်ရန်ဖြစ်ကြောင်း၊ ခွဲမလား၊ မခွဲဖူးလား ဆုံးဖြက်ရန်ဖြစ်လာသောအခါ .. တစ်ညစဉ်းစားပြီး၊ ခွဲရန်ဆုံးဖြတ်ခဲ့သည်။ ခွဲစိတ်အပြီး မိမိ၏ တချောင်းတည်းရှိသောလက်မှာ မပြတ်သေးသည်ကို သိရသောကြောင့် ကျေးဇူးတော်ချီးမွမ်းပါသည်။ ခွဲစိတ်ထုတ်ပြီးနောက် ကင်ဆာမရှိဟု သိရပြီး၊ မြန်မာငွေ သိန်း၂၀ခန့် ကုန်ကျသည့် ဆေးစစ်မှု ပြီးဆုံး၊ မြန်မာပြည်ပြန်လာခဲ့ရပါသည်။
စာအုပ်တအုပ်တွင် လူအသက် ၇၀ ပျမ်းမျှရေးထားသည်။ အသက်၂၀အရွယ်သည် ရက်သတ္တပါတ် ၂၅၀၀ အသက်ရှင်ရနှ်ရှိသေးသော်လည်း ၅၃နှစ်အရွယ် မိမိအဘို့ ရက်သတ္တပါတ် ၁၀၀၀ ပင်မကျန်တော့ပါ။ အချိန်ကုန်သည်မှာ အလွန်မြန်ကြောင်း၊ ကျန်ချိန်များတွင် ဘာလုပ်မည်နည်း။


ခရစ်တော်ကို မရသေးသူများအား ခရစ်တော်အကြောင်း ပြောပြခြင်းအလုပ်ကို လုပ်ရန်ဖြစ်သည်။ 
 


ဝီလျှံကယ်လို
Father Of Model Missionary မစ်ရှင်ဆရာများ၏ ဖခင်အဖြစ် စံနမူနာယူရမည်း အင်္ဂလန်မှ ၀ီလျှံကယ်လို အကြောင်း ပြောပါသည်။ အိန္နိယပြည်သွားရန် ဆုံးဖြတ်ချိန် ၃၃နှစ်အရွယ်သာ ရှိသေးသည်။ ဆုတောင်းရင်း လုပ်ဆောင်ရာမှ ၇နှစ်ကြာသောအခါ တစ်ယောက် ပြောင်းလဲပါသည်။ မြန်မာပြည်မစ်ရှင် ဆရာကြီးယုဒသန်လည်း ၆နှစ်ကြာမှ ဦးနော ပြောင်းလဲလာသလို ၊ တရုပ်ပြည်မစ်ရှင် ဟတ်ဆင်တေလာလည်း ၈နှစ်ကြာမှ တယောက်ပြောင်းလဲ ခရစ်တော်ကို လက်ခံသူ ရရှိခဲ့သည်။ ၀ီလျှံကယ်လိုသည် နောက်မှ ထောက်ပံမည့် စပွန်စာမရှိ၊ မဲနယ်လုပ်ငန်းလည်း မအောင်မြင်၊ ပုံနှိပ်စက်လုပ်ငန်းလည်း မီးလောင်၊ နောက်ဆုံး ဖိနပ်ချုပ်ခြင်းဖြင့် အသက်မွေးသည်။ လူအများက အိန္နိယကို ဘာလုပ်ဖို့လာသလဲ မေးသော်၊ မစ်ရှင် ခရစ်တော်အကြောင်း ပြောရန်၊ မစ်ရှင်လုပ်ရန်လာသည် ဆိုသောအခါ .. ဘာလို့ တရားပဲမဟောပဲ ဖိနပ်ချုပ်နေရသလဲ မေးခံရသည်။ ဧ၀ံဂေလိလုပ်ဖို့ ကျန်းမာရမည်။ ကျန်းမာအောင် စားသောက်နိုင်ဖို့ ၀င်ငွေရှိရန် ဖိနပ်ချုပ်ရသည် ဟုပြန်ဖြေကြားပါသည်။

ပိုက်ဆံရှာပြီး စားသောက်၊ သေဆုံးသွားရန် မဟုတ်ပါ။ စားသောက်ပြီး ဘုရားဘုန်းတော်ထင်ရှားစေမည့် မစ်ရှင်အလုပ်လုပ်ရန်မှာ သူ၏ ပန်းတိုင် Ultimate Goal ဖြစ်သည်။ ၄၁နှစ်လုံး သူ့တိုင်းပြည် အင်္ဂလန် တခါမှ မပြန်ခဲ့ပါ။ ဘင်္ဂလီစကားဖြင့် ဓမ္မသစ်ကျမ်း၊ အခြားစာစောင်များစွာ ပြုစုခဲ့သည်။ ဆင်းရဲ၊ ဒုက္ခများစွာခံရစဉ်  Expect great thing from GOD, Attempt great thing from GOD အတိုင်း ခရစ်တော်ထံမှ မျှော်လင့်ချက်ဖြင့် လောကဆင်းရဲများမှာ ဖြေပျောက်နိုင်သည်။



သူဌေးကြီး ရော့ကဲဖဲလား

အမေရိကန်တွင် အလွန်ချမ်းသာပြီး၊ မကောင်းမှုမျိုးစုံ အကုန်လုပ်ခဲ့သည်။ အသက်၄၉နှစ်အရွယ်တွင် သေရတော့မည် ဟု သိရသောအခါ နောင်တရပြီး၊ ဘုရားရှင်ထံဆပ်ကပ်အပ်နှံခဲ့သည်။ သူ၏ ကိုယ်၊စိတ်၊၀ိညာဉ်နှင့် ပိုင်ဆိုင်သမျှတို့ကို ဘုရားဘုန်းတော်ထင်ရှားစေရန် ဦးတည်လုပ်ဆောင်သောအခါ ရောဂါမှ ပျောက်ကင်းပြီး မသေပဲ အသက် ၅၀ မှ ၉၀ အထိ နှစ်ပေါင်း၄၀တိုင်၊ ဘုရားဘုန်းတော်ထင်ရှားစေမည့် လုပ်ငန်းများစွာ လုပ်ဆောင်သွားခဲ့ပါသည်။ ကိုယ့်ခွန်အားဖြင့် ဆပ်ကပ်မရပါ။ ဘုရားသခင်အားဖြင့်သာ ဆပ်ကပ်နိုင်ပါသည်။ မထင်ရှားသောအရာများကို မျက်မှောက်ပြုသည် ရှင်ပေါလု ပုံသက်သေလုပ်ရပ်များဖြစ်သည်။ Cross ထက်၊ နောက်မှာရှိသော Crown ကို မျက်မှောက်ပြုခြင်းဖြစ်သည်။

ရှင်ပေါလု
သူ၏ဘ၀အသက်တာတွင် ပင်ပမ်းညှင်းဆဲမှုများစွာကို တမန်တော်ဝတ္တု ၂၀း ၁၇-၂ တွင် ဖေါ်ပြထာသည်။ အလွန်နှိမ့်ချလျှက်၊ မျက်ရည်ကျလျှက် အူမှုဆောင်ခြင်း၊ ရှင်ပေါလု၏ ပူပန်ခြင်းမှာ လောကအရာ၊ ငွေကြေး၊ ကျန်းမာရေးများ မဟုတ်ပဲ ပျောက်ဆုံးနေသောဝိညာဉ်များအတွက်ဖြစ်သည်။ သူလူမျိုး က္ကုသရေလ (အစ္စရေး) လူမျိုး၊ တပါးသောအမျိုးသားများ အတွက် ကယ်တင်ခြင်းရရန် ဧ၀ံဂေလိလုပ်ခြင်းဖြစ်သည်။ ဆင်းရဲဒုက္ခများစွာသည် ခရစ်တော်အားဖြင့် သက်သာ၊ပေါ့ပါးခြင်းကို ဖြစ်စေသည်။ ၂ကော၂၃ တွင် ဆင်းရဲဒုက္ခများစွာရေးသားထားပြီး၊ ကဲ့ရဲ့၊ ရိုက်ပုတ်၊ ကြပ်တည်းခံရသော်လည်း အားနည်းစဉ်၊ ငါသည် တန်ခိုးနှင့်ပြည့်စုံလျှက်ရှိသည် .. ဟု ရေးထားပါသည်။

၂တိ ၄ တွင်လည်း ရှင်ပေါလုက  ငါစုတေချိန်ရောက်ပြီ၊ ပြေးလမ်း အဆုံးတိုင်ပြေးပြီ၊ သရဖူသည် ငါ့အတွက် သိုထားပြီး ဟု ဆိုသည်။

ကမ္ဘာမာရသွန်ပြေးပွဲတခုတွင် အပြေးသမားတစ်ယောက် လဲကျ၊ မပြေးနိုင်၊ ဒဏ်ရာရသော်လည်း ဖြေးညှင်းစွာ လျှောက်ပြီး၊ ထွက်လိုက်ပါတော့လား .. ပြောဆိုမှုကြားမှ၊ သူများအားလုံး ပန်းဝင်ပြီး နာရီပေါင်းများစွာကြာမှ ပန်းဝင်လာသည်။ သတင်းထောက်များက ဘာကြောင့် ဒီလို အဆုံးတိုင်လုပ်ဆောင်ရသနည်း မေးသောအခါ၊ မိမိနိုင်ငံမှ လွှတ်လိုက်ခြင်းသည် ဆုရရန်မဟုတ်၊ အဆုံးတိုင် ပန်းဝင်သည်အထိ ပြေးရန်ဖြစ်ကြောင်း၊ နာခံခြင်းအသက်တာဖြင့် လျှောက်လှမ်းသည့် နမူနာဖြစ်သည်။


ယခု မြန်မာနိုင်ငံသားဖြစ်ရသည်မှာ စဉ်းစားပါက ဂုဏ်ယူစရာဖြစ်သည်။

မိမိလူမျိုးသာမက အနီးနား အိန္နိယ (သန်း၁၀၀၀)၊ ဘင်္ဂလားဒေ့ခ်ျ (သန်း ၁၆၀)၊ တရုပ်ပြည် သန်း၁၂၀၀၊ ထိုင်းနိုင်ငံရောက်မြန်မာများကို မစ်ရှင်အဖြစ် လွှတ်ထားပြီးဖြစ်သည်။ ထိုင်းစကားတတ်ပြီ၊ ထိုင်းယဉ်ကျေးမှုများနားလည်ပြီး၊ အလုပ်ကိုင်၊ ၀င်ငွေလည်းရှိပြီ၊ ဆက်လက် လုပ်ဆောင်ရန်သာ ကျန်တော့သည်။ နောင်တွင် မြန်မာများသာမက ကမ္ဘာတိုင်အောင် မစ်ရှင်လုပ်ရန် အစဖြစ်သည်။

ဟေရှာယ ၆း၈ တွင် အမှုတော်ဆောင်ရန်အတွက် အကျွန်ုပ်ရှိပါသည်။ ကျွန်ုပ်ကို စေလွှတ်ပါ ဟု ဆိုပါသည်။ ဆက်ဖတ်သောအခါ ဟေရှာယ ၂၀ တွင် အ၀တ်ချည်းစည်း (အ၀တ်မပါ) ၀မ်းနည်းစွာလမ်းလျှောက်သည်။ ၃နှစ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဟေရှာယကဲ့သို ဘုရားသခင်က စေလွှတ်၊ လုပ်ခိုင်းပါက လုပ်နိုင်ပါမည်လား။ ဟေရှာယ ၏ နာခံခြင်းဖြစ်သည်။

နောက်ဆုံးဥပမာအနေဖြင့် တရုပ်ပြည်၊ သာသာနာပြုဆရာကြီး ဟတ်ဆင်တေလာအကြောင်းပြောပါသည်။ တရုတ်ပြည်အတွက် ဆပ်ကပ်ရန် တရုတ်စကားသင်သည်။ ရှန်ဟိုင်းသို့ လန်ဒန်မှ သင်္ဘောခရီး ၅လခွဲ ထွက်ခွာခဲ့သည်။ သင်္ဘောပေါ်တွင် ဟောပြောရင်း သင်္ဘောသား ၃၄ဦးတွင် ၂၀ကျော် ခရစ်တော်ကို လက်ခံ ပြောင်းလဲသည်။ အနှစ်၂၀တိုင် တရုတ်ပြည်တွင် ပင်ပန်း ၊ဆင်းရဲ သာသနာပြုခြဲ့ခင်း၊ ကျောရိုးဝေဒနာကြောင့် ကုတင်တွင် လပေါင်းများစွာ လဲလျောင်းနေရမှုများ၊ သူ၏မစ်ရှင်အဖွဲ့ဝင်များစွာ၊ ကလေးသူငယ်များအပါအ၀င် ကွန်မြူနစ်များ၏ သတ်ဖြတ်မှုများခံရခြင်း၊ ပင်ပန်းဆင်းရဲခြင်းများစွာတွင် ဇနီးသည်နှင့် သားသမီး၃ဦး သေဆုံးရသည့် ဖြစ်ရပ်များလည်း ရှိသည်။ အချစ်ဆုံး သမီးသေဆုံးသောအခါ ၀မ်းနည်းသော်လည်း  နှလုံးသားများ သွေးယိုစီးလည်း သခင်ယေရှုလုပ်ဆောင်ချက် ပိုမိုပေါ်လွင်လာကြောင်း၊ ပိုမိုအမှုဆောင်နိုင်ကြောင်း။



မစ်ရှင်ငွေကြေး၊ ရံပုံငွေအကြောင်း Fund Raising

အမှုဆောင်ရန် ငွေကြေးလည်း လိုအပ်သဖြင့် ရံပုံငွေ ရှာနည်း (၃)မျိုးကို၊ လက်တွေ့ကျင့်သုံးပြခဲ့သောဆရာကြီး(၃)ဦး စံနမူနာဖြင့်၊ စင်ကာပူ၊ ဟာကိုင်း Ministry မှ ဖိတ်ခေါ်ချိန်တွင် လေ့လာ၊ သင်ယူခဲ့ရပါသည်။
1. ဂျော့ခ်ျမူလာ   (Ask GOD Alone )
2. ဟပ်ဆင်တေလာ (Ask & Inform to people)
3. ဒီရယ်မူဒီ  ( Ask  and Ask )
ထိုနည်း (၃)နည်းကို သင်ကြားပို့ချပေးပြီး၊ အချင်းချင်း ဆွေးနွေးကာ ဘုရားဘုန်းတော်ထင်ရှားစေရန် ဘယ်နည်းကောင်းသနည်။ မိမိ ဘယ်နည်းကို ကျင့်သုံးသနည်း မေးမြန်းသောအခါ အဖြေအမျိုးမျိုး ဖြေကြားကြသည်။ နောက်ဆုံးတွင် သင်တန်းဆရာက (၃)နည်းစလုံး ကောင်းပါသည် ဟုနိဂုံးချုပ်ပါသည်။ မိမိ မြန်မာပြည်ပြန်ရောက်ပြီး ဓမ္နဆရာ၊ ယုံကြည်သူများနှင့် ဝေငှသောအခါ မြန်မာပြည်မှ မစ်ရှင်လုပ်သူများက ကာလဒေသအရ၊ ၃နည်းစလုံးကို ကျင့်သုံးသည် ဟု ဖြေကြသည်။


အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။



မုရန်မဂဇင်း မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment