Monday 26 November 2012

Seven Dispensation Illustrate

ခေတ်ကာလ(၇)ပိုင်း
ဘုရားသခင်သည်ခြောက်ရက်တာအတွင်းဖန်ဆင်းပြီးသတ္တမနေ့ တွင်ငြိမ်ဝပ်စွာနေတော်မူသည်။လူကိုဖန်ဆင်း
ခြင်းမပြုမှီကတည်းကအနန္တစင်္ကြ၀ဠာကြီးကိုဖန်ဆင်းတော်မူသည်။



ဖန်ဆင်းတော်မူပြီးနောက်လူသားနှင့်ဘုရားသခင်အကြားတွင်မိဿဟာယရှိခဲ့သည်။သို့ သောလူသားသည်
ဘုရားသခင်၏ပညတ်တော်ကိုနားထောင်ခြင်းမရှိဘဲအပြစ်တွင်ပြိုလဲကာကျိန်ခြင်းခံရသည်။သို့ ရာတွင်ဘုရား
သခင်မှပြန်လည်ကယ်တင်မည်ကိုကမ္ဘာဦးကပင်ကတိတော်ရရှိခဲ့သည်။
မိမိ၏သြတပ္ပစိတ်တွင်ဘုရားသခင်အားသိကျွမ်းသောအချိန်ကာလတွင်ပင်လူတို့ သည်ဆိုးသွမ်းကြသည်။
ဘုရားသခင်သည်စက်ဆုပ်ဘွယ်ကမ္ဘာကြီးအားရေလွှမ်းမြှုပ်၍ဖျက်ဆီးခဲ့ပြီးဖြောင့်မတ်သောနောဧနှင့်သူ၏
မိသားစုကိုကယ်တင်ခဲ့သည်။နောင်ကာလအတွက်ပုံပမာထားခြင်းလည်းဖြစ်သည်။
ကမ္ဘာဦးကာလတွင်ရေလွမ်းမိုးဖျက်ဆီးပြီးနောက်နောဧ၏မိသားစုမှကမ္ဘာလူသားများဆက်လက်၍များစွာပေါက်
ဖွားလာကြပြန်သည်။သမိုင်းနှင့်လည်းတစ်ထပ်တည်းကျသောယူဖရေးတီးနှင့်တိုက်ဂရစ်မြစ်ဝှမ်းကြားမြေညီရာ
ရှိနာလွင်ပြင်၍အလွန်မြင့်မားသောရဲတိုက်ကြီးကိုမိုးကောင်းကင်သို့ မှီမည်အထင်နှင့်လူတို့ တည်ဆောက်ခဲ့ကြ
သည်။လူတို့ ၏အချည်းနှီးလုပ်ဆောင်ချက်နှင့်ကျော်ဇောကိတ္တိလွှမ်းမိုးမှုတို့ ကိုဘုရားသခင်ဖျက်ဆီးပြီး၊ဘာသာ
စကား(Language)များဖန်ဆင်းပေးကာလူသားများကိုကမ္ဘာ့ အရပ်ရပ်သို့ ပြန့် လွှင့်စေခဲ့သည်။
ဘုရားသခင်သည်မိမိလူအာဗြံဟံကိုရွေးကောက်ပြီးလူသားများကိုကယ်တင်ရန်အစီအစဉ်ကိုလုပ်ဆောင်သည်၊
ဘုရားသခင်၏လူမျိုးတော်တစ်ခုကိုရွေးကောက်သည်။ခရစ်တော်ယေရှုတည်းဟူသော မေရှိယ(Messiah)၀င်
ရောက်မွေးဖွားလူဇာတိခံယူရန်လူမျိုးနွှယ်တစ်ခုကိုရွေးချယ်ခြင်းဖြစ်သည်။ပညတ်တော်ကိုပေးခဲ့သည်။
ထိုလူမျိုးတော်က္ကုသရေလလူမျိုး(Israel)ကိုနိုင်ငံပေးခဲ့ပြီးဗျာဒိတ်တော်များပေးခဲ့သည်။ရှင်ဘုရင်ဒါဝိဒ်၏အမျိုး
အနွှယ်မှယေရှုခရစ်တော်မွေးဖွားလာမည်အကြောင်းဖြစ်သည်။









No comments:

Post a Comment